Sunday, 10 May 2015

ရသေ့ကြီးဦးခန္တီ၏ လက်စွဲဂါထာ (၂)

ဒိဝါတပတိ ဂါထာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

( ပါဠိဂါထာ)
ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။


( မှန်ကန်တိကျစွာ အသံထွက်နည်း )
ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော ဘာတိ၊ ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။


( အနက်အဓိပ္ပါယ် )

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။
လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။
ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။
မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။
ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။

သရဏဂုံ (၃၀) မန္တာန်တော်ကြီး---

ပထမဦးစွာ ဇာ-ဘော-ဇီ-ယာ-မ-မ-အ-အ-နိ-နိ-ဟူသော ခေါင်းစဉ် ၁၀-ချက် အရကျက်ရမည်။

(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၂) ဘောဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဘောဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဘောဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၃) ဇီဝိတပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဇီဝိတပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဇီဝိတပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၄) ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ယာဝဇီဝံ သံဃံ သရဏံ ဂစ္ဆာမိ။

(၅) မရဏပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
မရဏပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
မရဏပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၆) မရဏကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
မရဏကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
မရဏကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၇) အရဟတ္တမဂ္ဂပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
အရဟတ္တမဂ္ဂကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၉) နိဗ္ဗာနပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

(၁၀) နိဗ္ဗာနကာလပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနကာလပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
နိဗ္ဗာနကာလပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။

အနက်ကား---

(၁) ဇာတိပရိယန္တံ-ဇာတိပဋိသန္ဓေ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မံ-တရားတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။

(၂) ဘောဂပရိယန္တံ-စည်းစိမ်ဥစ္စာ ကုန်ဆုံးသည့်တိုင်အောင်၊
ဗုဒ္ဓံ-ဓမ္မံ-သံဃံ-

(၃) ဇီဝိတပရိယန္တံ-အသက် ကုန်ဆုံးသည့်တိုင်အောင်။

(၄) ယာဝဇီဝံ-အသက်ထက်ဆုံး။

(၅) မရဏပရိယန္တံ-သေခါနီးတိုင်အောင်။

(၆) မရဏကာလပရိယန္တံ-သေသည့်တိုင်အောင်။

(၇) အရဟတ္တမဂ္ဂပရိယန္တံ-အရဟတ္တမဂ် ရသည့်တိုင်အောင်။

(၈) အရဟတ္တမဂ္ဂကာလပရိယန္တံ-အရဟတ္တဖိုလ် ရသည့်တိုင်အောင်။

(၉) နိဗ္ဗာနပရိယန္တံ-ပရိနိဗ္ဗာန် ၀င်စံခါနီးတိုင်အောင်။

(၁၀) နိဗ္ဗာနကာလပရိယန္တံ-ပရိနိဗ္ဗာန် ၀င်စံသည့်တိုင်အောင်။

ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မံ-တရားတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
သံဃံ-သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။

ပုတီးစိပ်ရန်---

တပုဒ်လျှင် ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ပွား၍ သရဏဂုံ(၃၀) ဖြစ်၏။
ပုတီးစိပ်သောအခါ ဗုဒ္ဓံ တစ်လုံး၊ ဓမ္မံ တစ်လုံး၊ သံဃံ တစ်လုံး၊ စိပ်ရ၍ (၁၀)ပုဒ်မှာ (၃၀) ဖြစ်လာ၏။

(၁) ဇာတိပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ )
ဇာတိပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ( ပုတီးတလုံးချ )
ဇာတိပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ။( ပုတီးတလုံးချ ) စသည် ပုတီးစိပ်လေ။

ပုတီးစိပ်သောအခါ စိတ်တည်ကြည်စွာထား၍ ဂုဏ်တော်သုံးပါး အနက်သဘောကို ဉာဏ်နှင့်သိ၍ ကြည့်၍ စိပ်နိုင်ပါလျှင် အကျိုးထူးကြီးများကို အောက်ပါအတိုင်း ရနိုင်ကြကုန်၏-ဟု ယုံကြည်ရိုသေစွာ ပုတီးစိပ်လေ။
သရဏဂုံ၊ ကိုယ်လုံးခြုံ၊ အကုန်သိဒ္ဓိပေါက်။
သရဏဂုံ၊ ကိုယ်လုံးထုံ၊ အာရုံထင်နိမိတ်။
သရဏဂုံ၊ သုံးဆယ်စုံ၊ အကုန်ပုတီးစိပ်။
အန္တရာယ်ကင်း၊ ကပ်ကျော်နင်း၊ ပေါခြင်းလာဘ်မဆိပ်။
သရဏဂုံ သုံးဆယ်ဂါထာ မန္တာန်တော်ကြီး အကျိုးကြီးပုံအကျယ် ---

ဘုရားဂုဏ်တော်မြတ်ကို ထင်မြင်အောင် ဆင်ခြင်အောက်မေ့၍ သရဏဂုံမန္တာန်တော်ကြီးကို ရွတ်ဆိုကြလျှင် ကြံတိုင်းအောင်၏။ ပြောသမျှ ပြီးစီး၏။ လူ နတ်တို့ ချစ်ခင်၏။ ထမင်း ခဲဖွယ်ဘောဇဉ် အစားအစာများကို မန်း၍ စားက (၉၆)ပါးရောဂါ မဖြစ်နိုင်။ မိမိနေသော အိမ်ဖြစ်စေ၊ ကျောင်းဖြစ်စေ၊ သစ်ပင်ဖြစ်စေ၊ နေရင်းထိုင်ရင်း၊

သွားရင်းလာရင်း၊ စားရင်းသောက်ရင်း၊ ဗုဒ္ဓဂုဏ်တော် ကြီးကို ရွတ်ပွားကာ နေကြလျှင် (သြော်) ငါသည် အဖိုအနဂ္ဃ ထိုက်တန်လှသော ဂုစ်တော်မြတ်ကြီးကို အာရုံစွဲစွဲနှင့် စိတ်ထဲဉာဏ်ထဲတွင် မြဲမြဲကြီး တွေ့ဆုံမိ ကြည်ညိုမိရပေပြီဟု ပါရာယနသုတ္တန်လာ ပိင်္ဂိယမထေရ်ကဲ့သို့ မှတ်ထင်ဝမ်းမြောက်ရမည်။

တကယ်တမ်းယုံကြည်၍ ဂုဏ်တော်မြတ်ကြီးကို ရွတ်ဆိုပွားလတ် ဆည်ကပ်သူတို့မှာ ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်မတွေ့ရဟု မှတ်၊ မကောင်းသော အနိဋ္ဌဘေးရန်အပေါင်းတို့သည် မလာမရောက်နိုင်သည့်ပြင် လောက၌ ကျက်သရေမင်္ဂလာ စီးပွား အစားအစာ တိုးတက်သည်။

ဤသရဏဂုံ(၃၀)ကို နှစ်နှစ်ကာကာ ယုံကြည်စွာနှင့် ရွတ်ဆိုပွားလတ် ကိုးကွယ်ဆည်းကပ်သူတို့သည် ၀ိပတ္တိကပ်ဆိုးလည်း မထိုက်၊ ပျက်စီးခြင်း ဗျသနလည်း မဆိုက်၊ ရန်သူလည်း မကပ်၊ ဗုဒ္ဓဓာတ် သရဏဂုံ ကိုယ်လုံခြုံကြလျှု လောကီဘုံဖြစ်ရာ ရတနာတွေလည်းပေါ၊ အသက်ရှည်လို့ ရောဂါကင်း၊ သာသနာတော် မြတ်ကြီးကလည်း နေရောင်မက ထွန်းတောက်လို့ လင်းနိုင်ပါသတည်း။

စာရေးသူ ၀န်ခံချက်။

(ဤသရဏဂုံ သုံးဆယ် မန္တာန်တော်ကြီးကို တနေ့လျှင် ပုတီး(၉)ပတ်စိပ်၍ (၉)ရက် အဓိဋ္ဌာန်ဝင်ခဲ့ရာ အဓိဋ္ဌာန်(၉)ကြိမ် ပြည့်သောနေ့ရက်တွင် ထူးထူးခြားခြား လာဘ်သပ္ပကာ ၀င်ခဲ့ဖူးကြောင်း သူတော်ကောင်းတို့ သိရှိပွားများ အကျိုးတရား ရနိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်သည်။)

သုတေသီမြင့်ထွန်း

(အစွမ်းထက်သော ပုတီးစိပ်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ) စာမူခွင့်ပြုချက်အမှတ်-၉၇ (၁၂)။ (ရောင်ပြန် မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ)

ယခု ဖော်ပြသည့် ပညာခန်းသည် ဆရာဦးမောင်မောင်သန်း ၏ သူရဇ္ဖလက်ဆောင် ပညာခန်းမှ ကောက်နှုတ်ချက်များဖြစ်ပါသည်။

---------------------------------------------------------------

အခက်အခဲ ဟူသည် အမျိုးမျိုး ရှိပါသည်။ ငွေကြေး အခက်အခဲ ဆိုပါစို့ ရှာဖွေရ ခက်ခဲခြင်း ၊ ကြွေးများပြန်မရခြင်း၊ ကိုယ်က သူများကို ကြွေးများ ပြန်မဆပ်နိုင်ခြင်း စသည်တို့ သည် ပုံစံအမျိုးမျိုးဖြင့် တွေ့  ကြုံရသည့် ငွေကြေး အခက်အခဲပင် ဖြစ်သည် ။

ထိုနည်းတူပင် အရောင်းအ၀ယ် မကောင်းခြင်း ၊ ရောင်းအား ကောင်းသော်လည်း ရောင်းပြီး ပစ္စည်း ပြန်ဝယ်မရ၍ ၀ယ်အား မကောင်းခြင်း ၊ အရောင်းအ၀ယ် ကောင်းသော်လည်း ရရှိလာသည့် ငွေကြေးတို့ သည် တားမရ ဆီးမရ ပြန်ထွက်နေခြင်း ၊ အရောင်းအ၀ယ် ကောင်းပြီဆိုလျှင် ဆိုင်ဖယ်ပေးရခြင်း၊ လူမှုရေး အတိုက်အခံများကြားမှ မလူးသာ မလွန့် သာ စိတ်ဆင်းရဲ နေရခြင်း စသည်တို့ သည် အမျိုးမျိုးသော အခက်အခဲများပင် ဖြစ်သည်။

ထိုထိုသော စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး အခက်အခဲပေါင်းစုံ ကြုံကြရပြီ ဆိုလျှင် ပုထုဇဉ် လူသားဟူသမျှ တို့ သည် တွေဝေသွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြတော့။ စိတ်ဓာတ်မကျသည့်တိုင်အောင်ပင် စိတ်ပျက် သွားကြလေ့ ရှိသည်။

ထိုအခက်အခဲ ဟူသမျှတို့ အတွက် အီလယ်လယ်ကြီး ဖြင့် ဘာမှန်းမသိ ညာမှန်းမသိ ဖြစ်နေမည့်အစား လျင်မြန်သော အဟုန်နှင့် ကိစ္စပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းရှိသည့် အစီအရင် တစ်ခု စီရင်ပုံ အား တင်ပြပါမည်။

ဤ အစီအရင်နှင့် ပတ်သက်ပြီး အခါများ ရွေးရန်လိုပါသည်။ အခါများမှာ အင်္ဂ၀ိဇ္ဖာ နည်းအရ စရေဓာတ် ပေါ်သည့် သောကြာ အခါများပင် ဖြစ်ပါသည်။

`မီးဓာတ်နှင့်လေ၊ မြေနှင့်ရေ မိတ်ဆွေတော်ကြ သဟာယ´ ဟူသည့် ဓာတ်သဘောအရ -

လျင်မြန်စေသော စရေဓာတ် ပေါ်ချိန် သောကြာအခါတွင် ဓာတ်အားဖြည့်လိုက်သော အစီအရင် ဖြစ်ပါသည်။

`လျင်မြန်စေလို ၀ါယောခိုရှင့်´ ဟူသော ရှေးပညာရှိကြီးတို့ ၏ ဆုံးမမှုအတိုင်း စရေဓာတ်ပေါ်သော သောကြာအခါတွင် မီးဓာတ်နှင့် လေဓာတ် ပေါင်းဆုံ စီရင်လိုက်ခြင်း ဖြစ်ပါသည်။

စီရင်ရန်မှာ ...

သောကြာအခါတွင် ဘုရားရှင်အား ဖယောင်းတိုင် အသေး ၃ တိုင်ဖြင့် အလင်းဖွင့် ပူဇော်ပြီး ယပ်တော်သွင်း၍ ပူဇော်ခြင်း ဖြစ်ပါသည်။ ပူဇော်သည့်အခါ ဖယောင်းတိုင်မီး မသေအောင် ဖြည်းညင်းစွာ ယပ်တော်သွင်းရပါမည်။ ငြိမ်း၍ မဖြစ်ပါ။

အလွန် တန်ခိုးကြီးမားလွန်းပြီး ဆုတောင်းဟူသမျှ ပြည့်လွန်းလှသော မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား ယပ်တော်သွင်း ပူဇော်သည်ကို လေ့လာကြည့်ပါ။ ထိုသို့ ပူဇော်ရန် ဖြစ်ပါသည်။ ရုပ်ပွားတော်မြတ်၏ ဘေးနား မလှမ်း မကမ်းမှ ရိုသေစွာ ဖြည်းညင်းစွာ ပူဇော်သင့်ပါသည်။ ဗိုလ်တထောင်ဘုရားအတွင်း ပြည်တော်ပြန် ဘုရားတွင်လည်း ထိုကဲ့သို့ ပူဇော်နေသူများကို တွေ့ နိုင်ပါသည်။

မိတ်ဆွေတော်စပ်ကြသော မီးဓာတ်နှင့် လေဓာတ် ပေါင်း၍ ဘုရားရှင်အား ပူဇော်ခြင်းပင် ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီးများကို မကြာခဏ ဆွမ်းကပ်သူများသည် ဆရာတော်ကြီးများ ဆွမ်းဘုဉ်းပေးစဉ် ယပ်တော် သွင်းသည့်အခါ ဘေးနားဆီမှ ခတ်၍ ပူဇော်ခြင်းကို စဉ်းစားလိုက်လျှင် ဘုရားရှင်အား ယပ်တော်သွင်းပူဇော်ရန် အတွက် အားလုံး အဆင်ပြေသွားပါလိမ့်မည်။

ရတနာမြတ် ၃ ပါးကို နေ့ ရောညပါ နေ့ စဉ် သတိမပြတ် သိတတ်စွာ ပူဇော်လေ့ရှိသူ ၊ အစာစားတိုင်း ပူဇော်လေ့ရှိသူ များသည် မီးဓာတ်နှင့် လေဓာတ်ပေါင်း၍ သောကြာအခါတွင် ဘုရားရှင်အား ပူဇော်လျှင် န၀င်း အင်္ဂါ၏ ပရိယာယ်အတိုင်း သရဏဂုံ သုံးဆယ် (သို့ ) သရဏဂုံ ကို ရွတ်ပွား၍ ပူဇော်ပါ။ (၅) မိနစ် ပူဇော်ပေးပါ။

ပိတ်ဆို့ မှု မှန်သမျှကို လျင်မြန်စွာ ပွင့်သွားစေနိုင်သော `တဟိံ တဟိံ´ အစချီသည့် နမက္ကာရ ဘုရားရှိခိုး ရွတ်၍လည်း ပူဇော်နိုင်ပါသည်။

ငွေကြေးနှင့် သက်ဆိုင်လာပါက ထူးခြားစွာ အကျိုးပေးတတ်သော ဒိဝါတပတိ ဂါထာတော်မြတ်ကြီး ရွတ်၍လည်း ပူဇော်နိုင်ပါသည်။

ပဋ္ဌာန်းဥဒ္ဒေသ ၊ နိဒ္ဒေသ တော်ကို ရွတ်ဆို၍ ပူဇော်ပါကလည်း ဖြစ်ပါသည်။ ကြိုက်နှစ်သက်ရာ ပူဇော်ပါ။

ယပ်တောင်သည် သုံးပြီးသား မဖြစ်သင့်ပါ။ အသစ်ဝယ်၍ ပူဇော်ပါ။ မည်သည့် ယပ်တောင်မဆို ရပါသည်။ ယပ်တော်သွင်း ပူဇော်ခြင်းသည်သာ အဓိက ဖြစ်ပါသည်။

ဖယောင်းတိုင်အသေးဟု သုံးနှုန်းခဲ့ခြင်းသည် ဘုရားဆောင်နိမ့်သော သူများ ပူဇော်လိုပါက ပူဇော်နိုင်အောင် ဖြစ်ပါသည်။ မီးဘေးကြိုတင် ကာကွယ်ခြင်း ဖြစ်ပါသည်။ အိမ်မှ ဘုရားဆောင် သေးလွန်းပြီး ဖယောင်းတိုင် ၃ တိုင် ထွန်းရန်ပင် အခက်အခဲ ရှိသူများ ဖြစ်ပါက မည်သည့် စေတီပုထိုးတွင်မဆို မည်သည့်နေရာက မည်သည့် ရုပ်ပွားတော်ကို မဆို အထက်ပါ အတိုင်း ပူဇော်၍ ရပါသည်။

သောကြာ အခါတိုင်း ပူဇော်ရန် အားလပ်ခွင့် မကြုံ၊ အခက်အခဲများ ရှိပါက သောကြာနေ့ တွင် ပူဇော်ပါ (သို့ ) တစ်ပတ်လျှင် သောကြာအခါ တစ်ကြိမ်မိအောင် ပူဇော်ပါ။ ရပါသည်။ ခုနစ်ရက်လုံး ပူဇော်မှ မဟုတ်ပါ။ အချို့ တစ်ပတ် တစ်ရက် ပူဇော်ရုံဖြင့် အောင်မြင်သွားကြသူများ ရှိပါသည်။

အိမ်တွင် လူစောင့်မရှိ၍ ဖယောင်းတိုင် ၃ တိုင် ထွန်းသွားရမည့် ပုဂ္ဂိုလ်များ ၊ ဖယောင်းတိုင်ထွန်းပြီး ထားခဲ့ရမည့် ပုဂ္ဂိုလ်များ မပူဇော်သင့်ပါ။ ဘုရားစေတီများ တွင် သွားရောက် ပူဇော်ပါ။ လွယ်ကူစွာ အောင်မြင်တတ်သော်လည်း မီးရေးထင်းရေး ကို ထည့်သွင်းစဉ်းစားပြီး ဥာဏ်ဖြင့် ယှဉ်ပါ။

ဖယောင်းတိုင် ၃ တိုင် ထွန်းသည့် အခါ အော်ကမှ စတီးပန်းကန် ကဲ့သို့ အမာခံနှင့် ထွန်းပါ။ ယပ်တော်သွင်းရာတွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီး အား ယပ်တော်သွင်းပါ။ ဖယောင်းတိုင်ကို ယပ်ခတ်ခြင်းမျိုး မဖြစ်စေရန် သတိပြုပါ။ မီးမငြိမ်းစေရန်တော့ သတိပြုပြီး ယပ်တော်သွင်းပါ။ ဖြေးဖြေးညင်သာစွာ ခပ်ပေးလျှင် ဖြစ်ပါသည်။ ဖယောင်းတိုင်အား ယပ်ခပ်ခြင်းမဟုတ်ပါ

များသောအားဖြင့် အလုပ်ရရန် ကြန့် ကြာနေသူများ၊ နိုင်ငံခြား ခရီး ထွက်ရန် ကြန့် ကြာနေသူများ ၊ လူမှုရေး အတိုက်အခံ ရေရှည်တွေ့ နေရသူများ ၊ ငွေကြေးကိစ္စများ ရစရာရှိရန် ၊ ပေးစရာရှိရန် ကြန့် ကြာနေသူများ အတွက် ရတနာမြတ်သုံးပါး ဂုဏ်ကျေးဇူးကို ယုံကြည်စွာ ဆောင်ရွက်ပါက ဆေးကြိမ်လုံးဖြင့် တို့ လိုက်သည့်နှယ် အလွန် လျင်မြန်စွာ အောင်မြင်သော အစီအရင်ပင် ဖြစ်ပါသည်။

ယုံကြည်ရန်သာ အဓိက ဖြစ်ပါသည်။ ဖြစ်သလို တော့ မပြုလုပ်ပါနှင့် ၊ စမ်းသပ်သလို မပြုလုပ်ပါနှင့် ၊ ဘာမှ အထွေအထူး မပါပါ။ အင်္ဂ၀ိဇ္ဖာ ပညာ သန့် သန့်  လေးနှင့်သာ ဘုရားရှင်ကို ပူဇော်ခြင်း ဖြစ်ပါသည်။

အခါမလင့် အကျိုးပေးသော ဘုရားရှင်၏ ဂုဏ်တော် ၊ ကျေးဇူးတော် ပါရမီတော်ကြီးများကို အာရုံပြု နှလုံးသွင်း၍ ဤအစီအရင် ကို ပြုလုပ်ပါရန်။ ထူးခြားခြင်း ၊ ထင်ရှားခြင်း ၊ အောင်မြင်ခြင်း တို့ အံ့သြဖွယ် ကောင်းလောက်အောင် ရှောက်ရှိလာပါလိမ့်မည်။ ရတနာ မြတ်သုံးပါး ၏ ဂုဏ်ကျေးဇူးတော်ကို ပိုသိလာပါလိမ့်မည်။

သောကြာအခါများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

တနင်္ဂနွေနေ့  - နံနက် (သို့ ) ည ၇း၃၀ မှ ၉း၀၀ ကြား

တနင်္လာနေ့  -မွန်းလွဲ ၁း၃၀ မှ ၃း၀၀ ကြား

အင်္ဂါနေ့  - နံနက် (သို့ ) ည ၉း၀၀ မှ ၁၀း၃၀ ကြား

ဗုဒ္ဓဟူးနေ့  - ညနေ ၃း၀၀ မှ ၄း၃၀ကြား

ကြာသပတေးနေ့ - နံနက် ၁၀း၃၀ မှ ၁၂း၀၀ ကြား

သောကြာနေ့  - နံနက် ၆း၀၀ မှ ၇း၃၀ ကြား၊ ညနေ ၄း၃၀ မှ ၇း၃၀ ကြား

စနေနေ့  - နေ့ လည် ၁၂း၀၀ မှ ၁း၃၀ ကြား

ထိုအချိန်တို့ သည် လျင်မြန်စွာ ကိစ္စပြီးစီး အောင်မြင်စေသော သောကြာအခါများပင် ဖြစ်ပါသည်။

အောင်မြင်ခြင်း များစွာတို့ သည် နေ့ ချင်း ညချင်း စုဝေး ရောက်ရှိလာပါလိမ့်မည်။ ဥာဏ်ရှိသလိုသာ အသုံးပြုကြပါ။

ကောင်းကျိုးချမ်းသာ လိုရာ ဆန္ဒ ပြည့်ဝကြပါစေ သတည်း ။

ဆရာ ဦးမောင်မောင်သန်း (ရင်ကို အေးမြစေသား) သူရဇ္ဖလက်ဆောင် ဒုတိယတွဲ ကောက်နှုတ်ချက် Labels: ဗေဒင်